"ဂျပန်ပြည်က ကလေးများမှ မြန်မာပြည်အတွက် တေးသီချင်း"

​ဟျောဂိုးနယ်၊ ရှင်းအွန်းဆင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့သော "RIBBON" သံပြိုင်သီဆိုအဖွဲ့။

ရှင်းအွန်းဆင်းမြို့ အဖွဲ့နှင့် တိုကျိုအဖွဲ့တို့ ZOOM ဖြင့် ပေါင်းစည်းချိတ်ဆက်ထားသော ရဲရင့်ခြင်းနှင့် မျှော်လင့်ခြင်း သီချင်းတစ်ပုဒ်။

၁၉၈၀ ပြည့်လွန်နှစ်များက မြန်မာပြည်တွင် လူကြိုက်များခဲ့သော သီချင်းဖြစ်ပြီး ယခုအချိန်အထိလည်း ဘဝအမောများကို ရင်ဆိုင်ကျော်လွှားနိုင်စေရန် အားပေးသော သီချင်းအဖြစ် သီဆိုနေကြဆဲဖြစ်သည်။

ကလေးများ၏ NGO "FUTOKORO" သည် ၁၉၉၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ ကလေးများအတွက် ပိုလီယိုရောဂါ ကာကွယ်ဆေး ရန်ပုံငွေရှာဖွေခြင်းဖြင့် လှုပ်ရှားမှုကို စတင်ခဲ့သည်။

ထို့အပြင် ဟျောဂိုးနယ်၊ ရှင်းအွန်းဆင်းမြို့မွေးရပ်မြေမှ လူငယ် ၁၂၀ ဦးခန့် သည် မြန်မာနိုင်ငံစစ်ပွဲအတွင်း ကျဆုံးခဲ့ကြသည့်အတွက် စိတ်မကောင်းစရာ အမှတ်တရ ကျန်ရှိနေသော မြို့ကလေးလည်း ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံသည် ကိုဗစ် ဘေးအန္တရာယ်သာမကဘဲ ပြည်တွင်းပြဿနာများကြောင့် ခက်ခဲဒုက္ခရောက်နေသော အနေအထားကို ကျရောက်လျက်ရှိပါသည်။

ထို့ကြောင့် မြန်မာပြည်အတွက် ခံစားချက်အပြည့်ဖြင့် သီဆိုပေးပို့လိုက်ရပါသည်။